ကျမရဲ့ ရတနာ

 အကယ်၍ ကျမမှာ ကလေးလေး သာ ရခဲ့မယ် ဆိုရင်…

ကလောလို. ပင်းတယလို. ရှမ်းပြည်က အေးချမ်းတဲ့ 

တောအရပ်ဒေသလေးမှာ သူကလေးဘဝလေးကို ကြီးပျင်းစေချင်တယ်..

ဘဲလေးတွေ၊ နွားလေးတွေ၊ မြင်းပေါက်စလေးတွေ နဲ့ ဆော့စေချင်တယ်..

ဘွက်ထဲမှာ rain boot လေးနဲ့ ခုန်ခုန်ပြီး ဆော့စေချင်တယ်..

Messy play လုပ်ဖို့ဆို ပျော်နေသူကလေးအဖြစ်ပေါ့။

လယ်ကွင်းပြင်၊ ပန်းခင်းကြီးတွေကြားမှာ ဖြတ်ပြေးဆော့စေချင်တယ်.

ပန်းခင်းကြီးတွေကြားမှာ လိပ်ပြာလေးတွေနဲ့ သူ့ကို ဆော့စေချင်တယ်.

အားတဲ့ ရက်ဆို တောင်တွေပေါ်ကို သူနဲ့ တူတူတတ်ချင်တယ်..

တောထဲမှာ ရှိတဲ့ စမ်းချောင်းလေးတွေဆီ သူနဲ့ တူတူ သွားချင်တယ်..

တောထဲက ပန်းရိုင်းလေးတွေ သူနဲ့တူတူခူးပြီး သူ့ အတွက် hairband လေးလုပ်ပေးချင်တယ်..

ကြက်ခြံ ဘဲခြံကို သူနဲ့တူတူ သွားလည်ပြီး သူ့ကို ခြံပိုင်ရှင်ကြီးရဲ့ ကြက်ဥ ဘဲဥလေးတွေ ဝိုင်းကောက်ပေးစေချင်တယ်..

DIY paint လေးတွေနဲ့ ပန်းချီဆွဲ၊ စာရွက်လေးတွေနဲ့ craft လေးတွေလုပ်၊ DIY play dough လေးတွေ၊ အဝတ်မှာ သစ်ခေါက်ရည် ဆိုးတာမျိုး သူနဲ့တူတူလုပ်ပြီး သူ့ကို ကစားစေချင်တယ်..

မုန့်လေးတွေ သူနဲ့တူတူလုပ်ပြီး ဘေးအိမ်တွေကို သွားဝေပေးစေချင်တယ်။

ပန်းတွေ၊ သီးပင်စားပင်တွေ သူနဲ့တူတူစိုက်ပြီး ကြီးထွားလာရင် သူကို ဘေးအိမ်နီးချင်းက လူတွေကို သွားဝေခိုင်းစေချင်တယ်..

အိမ်က ပွင့်မယ့် ပန်းလေးတွေ နဲ့ သီးမယ့် အသီးအနှံတွေကို အိမ်ရှေ့မှာ စနေ တနင်္ဂနွေလို မျိုး တပါတ် နှစ်ရက်လောက်ပဲ တူတူ ထိုင်ရောင်းချင်တယ်..

မနက်ဆို ဌက်ကလေးတွေ ကို အစာကျွေးစေချင်တယ်..

အိမ်နားမှာ သစ်ပင်အကြီးကြီး ရှိရင် သူနဲ့တူတူ သစ်ပင်ပေါ်တတ်ပြီး နေဝင် နေထွက်တာ ကြည့်ချင်တယ်..

အိမ်က ကွတ်ပစ်ပေါ်မှာ လက်ဖက်သုတ်စားရင်း၊ ကဗျာဖတ်ရင်း၊ ညဆိုကြယ်တွေကြည့်ချင်တယ်။

သုံးနှစ်ကနေ ငါးနှစ် အရွယ်မှာ သူ့ကို မနက် ငါးမိနစ် ညနေ ငါးမိနစ် တရား ထိုင်စေချင်တယ်.. 

သူ့ အသက် ဆယ်နှစ်လောက်ရောက်မှ နာရီဝက်လောက် စထိုင်ခိုင်းမယ်..

တဖြည်းဖြည်းနဲ့ အချိန် တိုးတိုးပေးပြီး သူနဲ့ ကိုယ် တူတူ တစ်နာရီ ထိုင်ချင်တယ်..  

သူ့နားမှာ သူတပါးကို လှောင်ရယ်တာ၊အားနည်းချက်တွေကို ဝေဖန်တာ၊ အမှန်ကို အမှားဖုံးထားတဲ့ ကုသိုလ်ဗန်းပြပြီး အကုသိုလ်တွေ ပါနေတဲ့ ဘာသာရေး ဓလေ့ထုံးစံတွေ၊ 

အရေးမပါတဲ့ အစဉ်အလာဆိုတာတွေကို ကလေးခေါင်းထဲ ထည့်ပေးတာမျိုး လုပ်တတ်တဲ့ လူ့အသိုင်းအဝိုင်းနားကနေ ဆွဲခေါ်သွားချင်တယ်..

ဒါပေမယ့် တခါတလေ ရန်ကုန်ကို လိုက်ပို့မယ်.. 

ရန်ကုန်က ကလေးတွေ ကစားနေကြတာမျိုး ကို သူ ထူးဆန်းအံ့သြစွာ လိုက်ကြည့်ပြီး တခါတလေမှ ဒါမျိုးလေးတွေ ကစားရလို့ အရမ်းပျော်နေတာမျိုး နယ်သူလေးပုံမြင်ချင်တယ်.

ဒါပေမယ့် နယ်ရွာလေးပြန်ရောက်တာနဲ့ “ငါ့နေရာလေး ပြန်ရောက်ပြီ” ဆိုပြီး သူ နေ့စဉ် ဆော့နေကြ အရာလေးတွေကို အားရဝမ်းသာနဲ့ နှစ်နှစ်ချိုက်ချိုက် ဆော့နေတာ မျိုးလေး မြင်ချင်တယ်.. 

နယ်မြို့ကလေးက ကလေးလေး ကို သူ့ဘဝတွက် ဆောင်ရန် ရှောင်ရန်တွေ ငယ်ဘဝမှာ နေ့စဉ် သင်ပေးပြီးတော့.. 

ငယ်ဘဝ တောသူ နယ်သူကလေး ဘဝကနေ ကြီးပျင်းတဲ့အခါမှာတော့ လူတောတိုး ရဲ့ရင့်ထက်မြက် ပြီး ကိုယ့်ကိုယ်ကို အားကိုးတဲ့ သားလေး/သမီးလေး ဖြစ်အောင် ကျမ အိမ်ကနေ သူတစ်ယောက်ထဲ အပြင်မှာ သွားနေဖို့ စိတ်ချလက်ချနဲ့ လွှတ်လိုက်ပြီး နေစေမယ်။

ကျမကလေးဟာ ကြီးလာတဲ့ အခါမှာ တာဝန်ယူတတ်သူ၊ 

နားထောင်ပေးသူ၊ လူသားပီသသူ၊ သူတပါးကို စိတ်ချင်းစာသူ၊ ပါတ်ဝန်းကျင်ကို အကျိုးပြုသူလေး တစ်ဦးဖြစ်ရင် ကျေနပ်ပါပြီ၊၊ ကျန်တာသူ့ဆီက ဘာမှ မမျှော်လင့်ပါဘူး။

ကျမ က သူအိမ်မှာ မရှိတော့ရင် ရိပ်သာမှာ  အချိန် တော်တော်များများ ကုန်ချင်တယ်။

ကျမ တရားစခန်းက ထွက်တဲ့ ရက်မျိုးလေးတွေ သူနဲ့ ဖုန်း ပြောပြီး  သူ ခွင့်ရက်ရှည် ရတဲ့အခါ ကျမ အိမ်ကိုတော့ ပြန်လာလည်စေချင်တယ်။

သူလာလည်ရင် မုန့်တွေ လုပ်စားမယ်။

တရားတူတူထိုင်မယ်။

သူ့ရဲ့ လောကကြီးမှာ ကြုံရ ဆုံရ တဲ့ ပျော်စရာ စိတ်ညစ်စရာတွေ ရီရီမောမော၊ လေးလေးနက်နက် နားထောင်ပေးရင်း နဲ့ ကိုယ့် အဖြစ်လေးတွေ သူ့ကို ပြောပြရင်းနဲ့ သူလာလည်တုန်းလေး သူနဲ့ တူတူ တစ်အိပ်ရာထဲ တစ်ညလောက် အိပ်ချင်တယ်။

ဒါလေးက ရမလား မရတော့ဘူးလား မသိတဲ့ ကျမ ကလေးလေးအပေါ်ထားတဲ့ ကျမ ဖြစ်ချင်တဲ့ ဆန္ဒလေးပါ..

သူ ကျမဘဝမှာ မရှိခဲ့ရင်လည်း ကျမ ကြီးရင် အဲ့လို တိတ်ဆိတ်အေးချမ်းတဲ့ နေရာမှာ တကယ် သွားပြီး အခြေချမှာပါ။ 

အဲ့ဒီက ကလေးလေးတွေကို စာသင်ပေးရင်းပေါ့။

အရမ်းရှုပ်ထွေးပေမယ့် ကျမ အရမ်း ချစ်တဲ့ ရန်ကုန်ကိုတော့ တခါတလေ လာလည်မှာပါ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s