Blog

Food in the nude

အခု နိုင်ငံတကာ Zero Waste lifestyle မှာ ခေတ်စားနေတဲ့ trend တခုက “Food in the Nude” ဆိုတဲ့စကားပါပဲ။ အစားအသောက်ကို ပလတ်စတစ်, စက္ကူသတင်းစာ, ဖတ်ရွက် နဲ့ မပတ်ထားပဲ အသီးကို ဒီတိုင်း အလုံးလိုက်, အရွက်ကို အစည်းလိုက်၊ မုန့်ကို မုန့်ချည်းသပ်သပ် ပဲ ဝယ်တာမျိုးပေါ့။

အဓိက ကတော့ fast food lifestyle ထဲ ရောက်နေခဲ့တဲ့ အနောက်နိုင်ငံကြီးတွေဆီမှာ ခေတ်က တအားတိုးတက်လာလေတော့ ကိုယ်တွေနိုင်ငံလို အိမ်ဆိုင်ပိစိလေးတွေ၊ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေမရှိဘဲ supermarket တွေ၊ grocery stores တွေပဲ ရှိတာများတော့ (Farmer market လို စျေးဝယ်အိတ်ပါယူလာလို့ရတဲ့ စျေးမျိုးတွေကိုတော့ ချွင်းချက်မို့ ထည့်မပြောပါနော်) အဲ့ဆိုင်တွေမှာ အပင်ကရတဲ့ အရွက်အသီးတွေကို packaging တွေနဲ့ ရောင်းကြတာကများနေတာမို့ ဒီ “Food in the Nude” ဆိုတာကို trend အနေနဲ့ သုံးနေကြတာလို့ တွေးထင်မိပါတယ်။

ကိုယ်တွေနိုင်ငံရဲ့ ကံကောင်းတဲ့ အချက်တချက်ကတော့ “Food in the Nude” ကို ဘယ်နေရာ ဘယ်ဒေသမှာ မဆို ကိုယ့်အိမ်နားက ကုန်စိမ်းဆိုင်သေးသေးလေးမှာလည်း အလွယ်တွေ့နိုင် ဝယ်နိုင်သလို ရပ်ကွက်စျေးထဲမှာလည်း ကုန်စိမ်းရောင်းသူတွေတိုင်းမှာ “Food in the Nude” တွေ မြင်နေရတာက စိတ်ချမ်းသာစရာ တခုပါပဲ။

မိတ်ဆွေတို့လည်း “Food in the Nude” ကို သတိသာမထားမိတာ ကိုယ်တိုင်စျေးဝယ်ရင်းနဲ့ စားသောက်ရင်းနဲ့ ကျင့်သားရပြီးပြီထင်ပါတယ်။

Happy conscious Sein Mya Living to you! X